နဖူးအရေးအကြောင်း ဘာလို့ဖြစ်တာလဲ
25-Feb-2017
နဖူးပြင်မှာဖြစ်တဲ့ အရေးအကြောင်း နှစ်မျိုးရှိပါတယ်။ ပထမ တစ်မျိုးကတော့ နဖူးပြင်အလယ်က ကန့်လန့်အစင်းကြောင်းတွေပါ။ နောက်တစ်မျိုးကတော့ မျက်ခုံးမွေး နှစ်ခုကြားမှာဖြစ်တဲ့ ဒေါင်လိုက်အစင်းအကြောင်းတွေပဲ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုဖြစ်တာ၊ ဒေါသထွင်တာနဲ့ စိုးရိမ်စိတ် စတာတွေဖြစ်တဲ့အခါမှာ သူ့အလိုလို မျက်မှောင်ကျုံ့ပြီးသား ဖြစ်နေတတ်ပါတယ်။ ဒီလိုမျိုး ထပ်ခါတလဲလဲ ဖြစ်တာတွေကြောင့် အသက်ရလာတဲ့အခါ အရေပြားတင်းရင်းမှု လျော့နည်းလာပြီး collagen ဓာတ်လည်း နည်းပါးလာတာကြောင့် အရေးအကြောင်းတွေ ထင်ရှားလာတာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် မျိုးရိုးဗီဇ၊ ရာသီဥတု အခြေအနေ၊ ဘဝနေထိုင်မှုပုံစံ၊ အလေ့အကျင့်၊ အရက်နဲ့ ဆေးလိပ်သောက်သုံးတာတွေဟာလည်း အရေပြားကို ထိခိုက်စေနိုင်တဲ့ အကြောင်းအရင်းတွေပါပဲ။ အခုခေတ်အခါမှာတော့ အရေးအကြောင်းပျောက်ကင်းရန် လိမ်းဆေးတွေ ပေါ်ပေါက်နေပါပြီ။ အဲဒီအထဲကမှ ဓာတုပစ္စည်းပါဝင်မှု နည်းပါးပြီး သဘာဝပစ္စည်းတွေနဲ့သာ အများဆုံး ဖော်စပ်ထားတဲ့ အမျိုးအစားတွေကို ရွေးချယ် အသုံးပြုရမှာပဲ ဖြစ်ပါတယ်။
မျက်နှာပြင်အရေးအကြောင်း နည်းပါးစေမယ့် လေ့ကျင့်ခန်း
ဘာမှ မလုပ်တာနဲ့ စာရင်တော့ မျက်နှာပြင်ကို စနစ်တကျနဲ့နှိပ်နယ်မှု ပြုပေးပါတာက အရေးအကြောင်းကိုလည်း တင်းရင်းလာစေပါလိမ့်မယ်။ နှိပ်နယ်ပြီးလေ့ကျင့်ခန်းပြုလုပ်ရာမှာ လက်ချောင်းတွေကို အသုံးပြုရပါမယ်။ လက်တစ်ဖက်စီက လက်ချောင်းနှစ်ချောင်းစိဆိုတော့ လက်ချောင်းလေးချောင်းနဲ့ နှိပ်နယ်ပေးရမှာပါ။ မျက်ခုံးကို ပင့်လိုက်ရပါမယ်။ အဲဒီလို ပင့်ထားတုန်း လက်ချောင်းလေးချောင်းနဲ့ မျက်ခုံးမွေး အထက်နားက ကျုံ့သွားတဲ့ နဖူးပြင် အရေပြားကို အောက်သို့အသာဖိချပေးရပါမယ်။ တစ်ခါပြုလုပ်ရင် ငါးကြိမ်လောက်စီ ပြုလုပ်ပေးရပါမယ်။
သတိရတိုင်း မကြခဏနဲ့ နေ့စဉ်ပုံမှန်ဂရုတစိုက်နဲ့ ပြုလုပ်ပေးသွားမယ်ဆိုရင် အရေးအကြောင်းကို လျော့နည်းစေနိုင်ပါလိမ့်မယ်။ ဒီလိုမျိုး ပြုလုပ်ပေးသွားရင် လအနည်းငယ်အတွင်းမှာပဲ ထူးခြားမှုကို မြင်တွေ့ရနိုင်တာကြောင့် ပြုလုပ်ကြည့်ပါလို့ တိုက်တွန်းလိုက်ရပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Angel
Health for all magazine, No.105, October 2015, Pg. 22
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
